
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် သကြားနှင့်ဆားတို့ကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချနေသော သကြားနှင့်ဆားဈေးနှုန်း တို့မှာ သကြား(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၅၀၀)ကျပ်၊ ဆား(၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀)ကျပ်နှင့် (၂၅) ကျပ်သားလျှင် (၆၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သကြားကို လက်ဖက်ရည်များ၊ ကော်ဖီ များ၊ သစ်သီးများဖျော်ရာတွင်လည်း အများဆုံး အသုံးပြုကြသည့်အပြင် သကြားနှင့်ဆားများကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်း မပါမဖြစ်အသုံးပြုသော အခြေခံစားကုန်ပစ္စည်းများဖြစ် သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စုံဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
