ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ နာနတ်သီးနှင့် ဇီးချိုသီး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီးနှင့် ဇီးသီးတို့ကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့တို့မှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချနေ‌သော နာနတ်သီးဈေးနှုန်းများမှာ မြစ်ကြီးနား နာနတ်သီးတစ်လုံးလျှင်(၅၂၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၄၇၀၀)ကျပ်၊  ဇီးသီး(၁)ထုပ် လျှင် (၃၀၀၀)ကျပ်နှင့် (၃)ထုပ်လျှင် (၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု နိုဝင်ဘာ လဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း နာနတ်သီးတစ်လုံးလျှင် (၃၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)