ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ် သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီးများနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိပြီး ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံ များမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရွှေသခွားမွှေးသီး အကြီး(၁)လုံးလျှင်(၇၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၅၀၀၀)ကျပ်နှင့် ကျောက် သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၁၀၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင်(၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ကျောက်သခွားမွှေးသီး (၁)လုံးလျှင်(၄၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးရောင်းချသူ များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)