
မိတ္ထီလာမြို့ပြည်သာယာဈေးရှိ နွားနို့နှင့်နွားနို့ခဲဈေးကွက်တွင် နိုဝင်ဘာလတတိယပတ်၌ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာကြောင်းသိရသည်။ နိုဝင်ဘာလ ဒုတိယပတ်က နွားနို့တစ်ဘူးလျှင် (၂၅၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်ဈေးရှိခဲ့ရာမှ ယခုတပတ်တွင်နွားနို့တစ်ဘူး လျှင်(၃၀၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်ဈေးအထိ ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှစုံစမ်းသိရှိရပါသည်။ ယခင်နိုဝင်ဘာလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါကဈေးနှုန်း အနည်းငယ် တိုးမြှင့်လာကြောင်း ဈေးကွက်မှသိရပါသည်။
DOCA(မန္တလေး)
