
မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ ငါးရံ့ခြောက်ဈေးကွက်မှာ နိုဝင်ဘာလ၌အရောင်းအဝယ်ပုံမှန် ဖြင့်ဈေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်တွင် ငါးပုတ်သင်၊ ငါးထောပတ်၊ ငါးဆားနယ်၊ ငါးဖောင်ရိုး၊ ငါးရံ့ခြောက်၊ ငါးရောင်ခြောက်စသဖြင့် ငါးခြောက်များစွာရှိသည့်အနက်မှ ငါးရံ့ခြောက် မှာငါးခြောက်ဆိုသော်လည်း အငန်ဓာတ်နည်းပြီး အသားများသည့်အတွက် ဈေးကောင်းရသော ငါးခြောက်ဖြစ်ပါသည်။ ငါးရံ့ခြောက်ကိုမီးဖုတ်၍ဆီဆမ်းကာလည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း၊ အမျိုးမျိုးချက်ပြုတ်စားသုံးကြပါသည်။ မိတ္ထီလာဈေးကွက်သို့ ငါးခြောက်များကို မြန်မာနိုင်ငံအောက်ပိုင်းမှအများဆုံးဝင်ရောက်ရာ ငါးရံ့ခြောက်မှာ ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မှအများဆုံးဝင်ရောက်ကြောင်းသိရသည်။ ငါးရံ့ခြောက်တစ်ပိဿာလျှင် အကောင်အကြီး/အသေးအပေါ်မူတည်ပြီး(၆၀၀၀၀-၈၀၀၀၀)ကျပ်ဈေးဖြင့် ဈေးငြိမ်နေကာ အရောင်းအဝယ် ပုံမှန်ဖြစ်ကြောင်းသိရသည်။
DOCA(မန္တလေး)
