ရှမ်းပြည်နယ်ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး

Powered by Drupal

      ရှမ်းပြည်နယ်ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ရုံးမှ ဒေါ်သီသီထွေး (ဦးစီးမှူး)က ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၅-၂၀၂၆) သို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်အတွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုသင့်သော ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များဖြစ်သည့် အကြီးစားလုပ်ငန်း(၃)ခု၊ အလတ်စား လုပ်ငန်း(၂၁)ခုနှင့် အငယ်စားလုပ်ငန်း (၁၄)ခုတို့အား သက်ဆိုင်ရာအဖွဲ့ဝင်များ၏ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိသဖြင့် လုပ်ငန်းမှတ်ပုံတင်ခွင့်အား ခွင့်ပြုပေးခဲ့ပြီ ရှမ်းပြည်နယ် ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရှမ်း)