သာစည်မြို့နယ် တောခင်းကျေးရွာတွင် ဝါများကောက်သိမ်း

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်း လျက်ရှိရာ  (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်တွင် မိုးဝါ၉၄ဧက၊ မိုးနှောင်းဝါ ၁၉၆ ဧကစုစုပေါင်း ၂၉၀ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ဧက(၃၀၀)ခန့် စိုက်ပျိုးကြောင်းသိရှိရပါသည်။ အများစုမှာ ရွှေတောင်(၈)မျိုးများစိုက်ပျိုးကြကြောင်း တစ်ဧကလျှင်မျိုး(၃)ပိဿာ(၁)အိတ်စိုက်ပျိုးကြကြောင်း ၊ တစ်ဧလျှင်သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၀၀၀၀၀)ခန့်ကုန်ကြကြောင်း၊ တစ်ဧကအထွက်နှုန်း မှာ ကောင်းလျှင် (၆၀၀) ပိဿာ ထွက်ရှိကြောင်း ပျမ်းမျှ(၃၅၀-၄၀၀)ပိဿာထွက်ရှိကြောင်း ဝါပေါက်တစ်ပိဿာလျှင် (၄၈၀၀)ကျပ်နှုန်း ဖြင့် ပွဲစားများမှ ကွင်းအရောက်လာရောက် ဝယ်ယူလျက်ရှိရာ ရွှေတုတ်ကုန်း၊ တောခင်း ကျေးရွာများတွင် မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါများကို (၂၀၂၅)ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်မှစ၍ ကောက်သိမ်း၍ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရပါသည်။

DOCA(မန္တ‌လေး)