ရှမ်းကြက်သွန်ဖြူ‌ဈေးနှုန်းငြိမ်သက်နေ

Powered by Drupal

    ရှမ်းပြည်နယ်တောင်ပိုင်း၏အဓိကထွက်ကုန်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူသီးနှံမှာ စက်တင်ဘာလ၊အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင်ကာလရှည်ကြာဈေးနှုန်းတည်ငြိမ်လျက်ရှိ ပါသည်။ကြက်သွန်ဖြူသီးနှံစိုက်ပျိုးထားဆဲကာလဖြစ်သော်လည်း အဟောင်းလက်ကျန်များထုတ် ရောင်းခြင်း မျိုးစေ့ရောင်းချရသည့်ကာလမဟုတ်ခြင်းနှင့်ယမန်နှစ်ကုန်ထွက်ရှိမှုအားကောင်း၍ကုန် စည်လက်ကျန်ရှိနေသဖြင့်ဈေးတည်ငြိမ်နေသည်ဟုသုံးသပ်ရပါသည်။

      ဈေးငြိမ်ကာလနှင့်ကြုံတွေ့နေရသောကြက်သွန်ဖြူဈေးနှုန်းများမှာ ထူး-၁ တစ်ပိဿာ၂၅၀၀ ကျပ်၊ထူး-၂ တစ်ပိဿာ၃၅၀၀ကျပ်၊ထူး-၃ တစ်ပိဿာ၄၅၀၀ကျပ်၊ထူး-၄ တစ်ပိဿာ၅၅၀၀/၆၀၀၀ ကျပ်၊ထူး-၅ တစ်ပိဿာ၆၅၀၀ကျပ်နှင့်ဥတစ်လုံးတစ်ပိဿာ၁၅၀၀၀၊၂၀၀၀၀၊၂၅၀၀၀ကျပ်များဖြစ် သည်။

     ကြက်သွန်ဖြူအသစ်များထွက်ပေါ်ချိန်ဖြစ်သည့် မတ်လ သို့မရောက်မီ ကြားကာလ(၄)လခန့် တွင်သီးနှံဈေးနှုန်း အနည်းငယ်တက်လာနိုင်ကြောင်းကို အဟောင်းလက်ကျန်နည်းပါးလာခြင်း၊ ပွင့်လင်းရာသီ ဈေးကွက်နှင့်တိုက်ဆိုင်ခြင်းတို့ရှိပါသည်။ ဆေးဝါးအဖြစ်သုံးစွဲခြင်း၊ အကြော်လုပ်ငန်း များ၏ ဝယ်လိုအားမြင့်တက်လာခြင်းများရှိနိုင်သဖြင့် အနည်းအငယ်ဈေးနှုန်းဈေးကွက် လှုပ်ခတ်လာ နိုင်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ရှမ်း)