စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံမှ ဝဥစက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

 

၁၉.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစုရှိ ရွှေဝါမြေ ဝဥစက်ရုံပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကုန်ကြမ်းဝယ်ယူမှု၊ ကုန်ချောထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ ကုန်ကြမ်းများဖြစ်သော ဝဥအစိုများကို မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးတို့မှ အများဆုံးဝယ်ယူကြောင်း၊ ဝဥအစို တစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်းမှာ (၄၀၀၀) ကျပ်ပေးရကြောင်း၊ ၎င်းဝဥအစိုများကို စက်ဖြင့်ရေဆေးခြင်း၊ အလွှာလွှာခြင်း၊ အခြောက်ခံခြင်းတို့ကိုပြုလုပ်၍ ဝဥအလွှာခြောက် ပြုလုပ်ရကြောင်း၊ အဆိုပါ ဝဥအလွှာခြောက်များကို တရုတ်နိုင်ငံသို့ တစ်တန်လျှင် ဒေါ်လာ (၁၂၀၀) ဖြင့် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA (မွန်)