ဖျာပုံမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး “ရွှေလိပ်ပြာ” လ္ဘတ်စို၊ ခြောက်၊ အကြော်စုံလုပ်ငန်း ကွင်းဆင်း

Powered by Drupal

      ဖျာပုံမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ် ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင် ဦးစီးမှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် “ရွှေလိပ်ပြာ” လ္ဘတ်စို၊ ခြောက်၊ အကြော်စုံလုပ်ငန်းအား ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့ နံနက် (၁၀ : ၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့ (၃)ရပ်ကွက်ရှိ “ရွှေလိပ်ပြာ” အမှတ်တံဆိတ်ဖြင့် ထုတ်လုပ်နေသော လ္ဘတ်စို၊ ခြောက်၊ အကြော်စုံလုပ်ငန်းတွင်  ထုတ်ပိုးမှုစနစ်ကျနမှုရှိစေရေး၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များထည့်သွင်းပါရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊  မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက် အခြေအနေများ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရရှိ ပါသည်။

(Doca ဧရာဝတီ)