ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊  အစားအစာများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ စာသင်ကျောင်းအခြေပြု စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မအူပင်မြို့နယ် အခြေခံပညာနည်းပညာ အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကို ၁၇-၁၁-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သဇင်ဦး ဒုဦးစီးမှူးက  ဌာန၏ လုပ်ငန်းများအား ဦးစွာ မိတ်ဆက်ပြောကြားပြီးစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား မုန့်ဈေးဆိုင်များတွင် ရောင်းချသည့် ဝယ်ယူစားသုံးရန်မသင့်သည့် အစားအစာများ၊ စတင်ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်ဆုံးမည့် ရက်စွဲမပါရှိ သည့် မုန့်ထုပ်များ၊ သတ်မှတ်ရက်လွန် အစားအစာများနှင့် စားသုံးသူများကုန် စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သိရှိရမည့် အခွင့်အရေးများကို အသိပညာပေး ဟောပြောခဲ့ပြီး၊ စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့် နည်းလမ်း(၇)မျိုး အကြောင်းကို အကျယ်တဝင့် ပြောကြားခြင်း၊ အွန်လိုင်းစျေးဝယ်မှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များ၊ စားသုံးသူပြည်သူများ အွန်လိုင်းမှ စျေးမဝယ်မီ သတိပြုရမည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများအကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြီး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ စားသုံးသူပြည်သူများ အမှန်တစ်ကယ် နစ်နာဆုံးရှူံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Official Website ဖြစ်သည့် www. doca.gov.mm.com တွင်လည်ကောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ Consumer Call Center နံပါတ် (1535)သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ခရိုင်များတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ထံသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။

    အဆိုပါအသိပညာပေးဟောပြောပွဲသို့ အထက်တန်းအဆင့် နည်းပညာကျောင်းသား၊ ကျောင်းသူ(၇၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)