နတ်တော်လဆန်းရှိထောပတ်သီးပေါက်စျေး

Powered by Drupal

          စျေးကွက်အတွင်းသို့   နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်‌ထောပတ်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ် နိုဝင်ဘာလတတိယပတ်အတွင်း  ဖြစ် ပေါ်သည့် စျေးနှုန်းများမှာ ထောပတ်သီး ၁၀ လုံးလျှင် အလုံး(ကြီး) ၁၅၀၀၀ ကျပ်နှင့် ၂၅၀၀၀ကျပ်၊ အလုံးလတ် ၇၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ ဟက်စ် (Hass) မျိုးမှာ  Kg စျေးနှင့်ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်  ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ ထောပတ်သီးအလုံးအရွယ် အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ နတ်တော်လဆန်းတွင်ထောပတ်သီးခူးဆွတ်သည့်ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသကဲ့သို့ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)