
ညောင်ဦးခရိုင်သည် ခရီးသွားလုပ်ငန်းများ၊ Hotel လုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများကို လည်း လုပ်ကိုင်လျက်ရှိပြီး ဒေသထွက်စီးပွားရေးလုပ်ငန်းများမှ အသားစားကြက်၊ ဥစားကြက် များကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသလို၊ စီးပွားဖြစ်လည်း မွေးမြူကြလျက်ရှိပါသည်။ ကြက်ဥသည် မုန့်လုပ်ငန်းများအပြင်၊ စားသောက်ကုန်များတွင် အရေးကြီးသော အစိတ်အပိုင်းအဖြစ်ပါဝင်ပြီး ဒေသတွင်း မွေးမြူရေးများမှ ရရှိသောကြက်ဥဖြင့် မလုံလောက်သဖြင့် ပြင်ဦးလွင်၊ မန္တလေးမြို့များမှ တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။
ညောင်ဦးမြို့ရှိ ဘုန်းဇဉ်ဈေးအတွင်း နိုဝင်ဘာလဒုတိယပတ်တွင် ဖြစ်ပေါ်နေသောကြက်ဥ အရောင်းဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၄၅၀)ကျပ်၊ အသေး တစ်လုံးလျှင်(၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
