“ငရုတ်သီးစိမ်းစျေးနှုန်းစျေးကွက်”

Powered by Drupal

             မန္တလေးမြို့တွင်းသို့ ရမည်းသင်း၊ ပျော်ဘွယ်နှင့် ကျောက်ဆည်မြို့များမှ သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံများသည်လည်း အသုံးဝင်အစားများသော သီးနှံတစ်မျိုးဖြစ်သည်။ ငရုတ်သီးများကို အခြောက်ခံ၍ ငရုတ်သီးခြောက်အနေဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ငရုတ်သီးအစိမ်းအနေဖြင့်လည်း ရောင်းချမှုရှိကြောင်း၊စျေးကွက်အတွင်း စားသုံးသူများ အတွက် ငရုတ်သီးအစိမ်းများဝင်ရောက်လျက်ရှိရာ အောင်ပန်းဒေသမှလည်း အများဆုံးဝင်ရောက် လျှက်ရှိကြောင်း၊ ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ်၊ ငရုတ်ရှည် နှင့်ငရုတ်ပွသီးများဖြစ်ပြီး လျှာဂျွန်းထိုးငရုတ်သီးအစိမ်း (၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးအစိမ်း(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ငရုတ်ပွသီးအစိမ်း(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ငရုတ် ရှည်သီးအစိမ်း(၁)ပိဿာလျှင်(၅၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ စားသုံးသူများမှာ ငရုတ်သီး အစိမ်းသီးနှံကို ပိုမိုစားသုံးကြသဖြင့် အရောင်းသွက်ကြောင်း ကုန်စိမ်းသီးနှံရောင်းချသူထံမှ သိရှိရပါသည်။

Doca(မန္တလေး)