မိတ္ထီလာဈေးကွက်တွင် ကြက်သွန်ဖြူဈေးငြိမ်နေ

Powered by Drupal

          မိတ္ထီလာမြို့၊ မြို့မဈေးကြီးရှိ ကုန်ခြောက်ပွဲရုံများတွင် နိုဝင်ဘာလ ဒုတိယပတ်၌ ကြက်သွန်ဖြူ ဈေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်သို့ ကြက်သွန်ဖြူကို ရှမ်းပြည်နယ်တောင်ပိုင်းမှ အများဆုံးဝင်ရောက်လာကာ ရှမ်းကြက်သွန်ဖြူများ အရောင်းသွက်လျက်ရှိပါသည်။ ကြက်သွန်ဖြူတွင် ယခင်က ဗမာကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူ၊ ကြူကုတ်ကြက်သွန်ဖြူဟူ၍ ဗမာကြက်သွန်ဖြူမှာ မြင်းခြံ၊ တောင်သာနယ်မှလည်းကောင်း၊ ရှမ်းကြက်သွန်ဖြူမှာ တောင်ကြီး၊ အောင်ပန်းတို့မှလည်းကောင်း၊ ကြူကုတ်ကြက်သွန်ဖြူမှာ မန္တလေးမှလည်းကောင်း ဝင်ရောက်ခဲ့ပြီး၊ ယခုနှစ်မှာတော့ ရှမ်းကြက်သွန်ဖြူများ သာဈေးကွက်တွင်တွေ့ရပါသည်။ ကြက်သွန်ဖြူဈေးမှာ ယခုနှစ် ဈေးနှုန်းသိသာစွာမြင့်တက်မှုမရိဘဲ သီးနှံသစ်ပေါ်စမှ လက်ရှိအချိန်အထိ ဈေးနှုန်းသိသာစွာမြင့်တက်မှုမရှိကြောင်းနှင့် တစ်ပိဿာလျှင် ကြက်သွန်ဖြူဥအကြီး/ အသေးပေါ်မူတည်၍ (၄၀၀၀မှ ၈၀၀၀) ကျပ် ဈေးရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)