
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေး ရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)တို့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး အမရပူရမြို့ပေါ်ရှိ ဆန်ဆိုင်များနှင့် သိုလှောင်ရုံများသို့ (MRF) မှ သတ်မှတ်ထားသည့် ရည်ညွှန်း ဈေးများအတိုင်း ရောင်းချခြင်း ရှိ/မရှိ အား ၁၄.၁၁.၂၀၂၅ ရက်နေ့ ညနေ (၃)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်ဆန်ရောင်းချသူများအား ဆန်အမျိုးအစားအလိုက် (MRF) မှ သတ်မှတ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရန် အသိပေးဆွေးနွေး ခြင်း ၊သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Doca(မန္တလေး)
