မန္တလေးတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်လျက်ရှိသောပဲမျိုးစုံဈေးနှုန်းနှင့်ဈေးကွက်

Powered by Drupal

              မန္တလေးတိုင်းဒေသကြီးသည် လယ်မြေထက်ယာမြေများ ပိုမိုများပြားသော တိုင်းဒေသကြီး ဖြစ်သဖြင့် ယာမြေပေါ်တွင်စိုက်ပျိုးထွက်ရှိသော ပဲမျိုးစုံကို အဓိကထားစိုက်ပျိုးလျက် ရှိပါသည်။ ပဲမျိုးစုံကို နွားထိုးကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မလှိုင်၊ တောင်သာ၊ ရမည်းသင်း နှင့်ပျော်ဘွယ်မြို့နယ်များတွင် အများအပြား စိုက်ပျိုးလျက် ရှိပါသည်။ ယခုအချိန် အခါတွင်ဆောင်သီးနှံများဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနီ၊ ကုလားပဲနှင့် ပဲပုတ် သီးနှံ အသစ်များ  ဈေးကွက်သို့ စတင်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

           မြေပဲဆံနီတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ မတ်ပဲတစ်ပိဿာလျှင် (၄၆၆၇)ကျပ်၊ ပဲတီစိမ်း တစ်ပိဿာလျှင် (၅၂၄၄)ကျပ်၊ ပဲစဉ်းငုံနီတစ်ပိဿာလျှင် (၄၅၅၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၄၆၂၂)ကျပ်နှင့် ပဲပုတ်(ဗမာ)တစ်ပိဿာလျှင် (၆၇၆၁)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး Exporten သမားများ၊ ဒေသတွင်းပဲခွဲစက်နှင့် ဆီစက် ကြိတ်ခွဲထုတ်လုပ်မှုများ ပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မြေပဲဆံနီဈေးနှုန်းသည် ယခင်လထက် အနည်းငယ် မြှင့်တက် လျက်ရှိပြီး ပဲစဉ်းငုံနီဈေးနှုန်းမှာ ငြိမ်သက်လျက် ရှိကြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲနှင့် ပဲပုတ်ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်ကျဆင်းသွား ကြောင်းသိရပါသည်။

Doca(မန္တလေး)