မိတ္ထီလာမြို့ ပြောင်းဖူးဈေးနှုန်း/ ဈေးကွက်

Powered by Drupal

          မိတ္ထီလာမြို့၏ သစ်သီးဝလံရောင်းဝယ်မှုဈေးကွက်တွင် ပြောင်းဖူးဈေးကွက်သည်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အဝင်အနေဖြင့် မိတ္ထီလာဈေးကွက်သို့ မိတ္ထီလာရှမ်းတဲလေတပ်အနီး ကျေးရွာများမှ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ပြောင်းဖူးများကို မိတ္ထီလာမြို့မဈေးနှင့် ဘဲကန်ဈေး(ကုန်စိမ်း)ဈေးများတွင် လက်ကားရောင်းချကြပြီး လက်လီအနေဖြင့်မြို့ပေါ်ရပ်ကွက်ဈေးများ၊ ရပ်ကွက်တွင်းလှည်လည်ရောင်းချသလို လမ်းဘေးပြောင်းဖူးဖုတ်၊ ပြောင်းဖူးပြုတ်အနေဖြင့်လည်း ရောင်းချကြပါသည်။ ဈေးကွက်တွင်ပြောင်းဖူးသီးနှံကို ရာသီအချိန်ကာမရွေး စားသုံးနေကြပါသည်။ ပြောင်းဖူးဈေးကွက်အနေဖြင့် တစ်ဖူးလျှင် (၅၀၀/၇၀၀)ကျပ်ဖြင့်ရောင်းချပြီး အရွယ်အစားအလိုက် ဈေးကွက်ကွာခြားမှုများရှိကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)