မိတ္ထီလာ ဈေးကွက်အတွင်း တိရိစ္ဆာန်အစာ ပဲဖက်၊ နှမ်းဖက်၊ နေကြာဖတ်ဈေးများ မြင့်တက်လျက်ရှိ

Powered by Drupal

        မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို ဒေသတွင်း ဆီစက်များမှ ကုန်ကြမ်းဈေးနှင့်တိရိစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ကြိတ်ခွဲထုတ်လုပ်မှုများ လာပြီး ပဲဖက်၊ နှမ်းဖက်၊ နေကြာဖတ်များ ဈေးကောင်းရလာကြောင်း သိရပါသည်။ ဆီကြိတ်ဖတ်များကို ဒေသတွင်းတစ်နိုင်တပိုင်မွေးမြူရေးလုပ်ငန်များအပြင် တိရိစ္ဆာန်အစာတောင့်စက်ရုံများမှလည်း ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။

       မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလတတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲဖက်နှမ်းဖက် ဈေးနှုန်းများမှာ ပဲဖက်တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ နှမ်းဖက်တစ်ပိဿာလျှင်(၄၂၀၀)ကျပ်၊ နေကြာဖက် တစ်ပိဿာလျှင်(၃၂၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ပဲဖက်တစ်ပိဿာလျှင်(၁၂၀၀)ကျပ်၊ နှမ်းဖက်တစ်ပိဿာလျှင် (၈၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၄၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ဈေးနှုန်းမြင့်တက်လာရခြင်းမှ မန္တလေးမွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှုများလာခြင်းကြောင့် ဖြစ်သည်ဟုဆီစက်လုပ်ငန်းရှင် တစ်ဦီးမှသိရပါသည်။

DOCA(မန္တလေး)