မိတ္ထီလာဈေးကွက်တွင် မြေပဲဆံ ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

       မိတ္ထီလာမြို့ ဈေးကွက်တွင် ယခုနိုဝင်ဘာလတတိပတ်တွင် မြေပဲဆံဈေးနှုန်းများမှာ မြေပဲလုံးဆန် တစ်ပိဿာလျှင်(၈၀၀၀-၈၂၀၀)ကျပ်၊ ဆီဆန်တစ်ပိဿာလျှင်(၇၇၀၀-၇၆၀၀)ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှည်လျှင် မြေပဲလုံးဆန် တစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ဆီဆန်တစ်ပိဿာ လျှင်(၅၀၀)ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်လက်ကျန်နည်းခြင်း၊ ပြည်ပဝယ်လတ်များခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေသတွင်းဆီစက် လုပ်ငန်းများမှာကြိတ်ခွဲထုတ်လုပ်ရန်ကုန်ကြမ်းကို ဒေသတွင်းမှဝယ်ယူရရှိမှုနည်းသဖြင့် ကျောက်ပ တောင်း၊ မကွေး၊ပြည်၊ တပ်ကုန်းစသည့်မြို့များမှဝယ်ယူ၍ ကြိတ်ခွဲရသဖြင့် ကုန်ချောဈေးနှုန်းများ လည်းမြင့်တက်လာခြင်း၊ တိရိစ္ဆာန်အစာဈေးများ မြင့်တက်လာခြင်းကြောင့် ဆီစက်လုပ်ငန်းရှင်တစ်ဦီးထံမှ သိရပါသည်။

DOCA(မန္တလေး)