အောင်လံမြို့နယ်၌ စပါးကြားပွဲစားတို့နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/ အောင်လံခရိုင် တာဝန်ခံသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အောင်လံမြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ စပါးကြားပွဲစားတို့နှင့် တွေ့ဆုံပြီး ဆန်စပါးလုပ်ငန်းနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ဆွေးနွေးရာတွင် ပေါ်ထွက်လာသည့် မိုးစပါးမှော်ဘီ၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ စပါးများအား အစို(ပေါင်-၅၀) ()တင်းလျှင် စိုက်ခင်း(ကွင်းဈေး) ကျပ်(၁၀၅၀၀)နှင့် ဆန်စက် အရောက်ဈေးမှာ အစို(ပေါင်-၅၀) ()တင်းလျှင် ကျပ်(၁၁၅၀၀)ဖြင့် အရောင်းအဝယ်စတင်နေကြပြီး အစို စပါး အားလုံးကို (၅၀)ပေါင် ()တင်း သတ်မှတ်ဝယ်ယူကြောင်း၊ အခြောက်ခံစပါးများမှာ ဝမ်းစာ အတွက်သာ သိမ်းဆည်းခြင်း ကြိတ်ခွဲခြင်းများ ပြုလုပ်ကြကြောင်း၊ စပါးကြားပွဲစား ကဒ်ရှိမှသာ အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် တိုင်း/မြို့နယ်ကျော်၍ ဆန်စပါး သယ်ယူပို့ဆောင်ပါက ဆန်စပါး အသင်းဥက္ကဌထံ၌ မျှောစာလျှောက်ထားရယူပြီးမှ သာဆောင်ရွက်ကြရန်တို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)