
ငှက်ပျောအူသည် ခန္ဓာကိုယ်ထဲကအဆိပ် အတောက်ဓာတ်တွေကို ဖယ်ရှားပေးနိုင်ခြင်း၊ ဆီး လည်းရွှင်စေသလို အမျှင်ဓာတ်လည်းကြွယ်ဝစေခြင်း၊ ဆီးကျောက်ကို ကြေစေပြီးဆီးလမ်းကြောင်းပိုး ဝင်နိုင်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝလွန်းသည့် ငှက်ပျောအူကခန္ဓာကိုယ်ရဲ့ ဆဲလ်တွေထဲက သကြားဓာတ် နှင့်အဆီဓာတ်တွေ မစုပုံလာအောင်တားဆီပေးနိုင်ခြင်း၊ ဒါအပြင် အစာကိုချေဖျက် နိုင်စွမ်းပိုကောင်းစေ ပြီး ကယ်လိုရီပါဝင်မှုလည်းနည်းပါးစေခြင်း၊ ငှက်ပျောအူက သွေးတွင်းသကြား ဓာတ်ကိုကျစေသည့် ထိန်းစေတဲ့အစွမ်း အာနိသင်ရှိသောကြောင့် ခန္ဓာကိုယ်ထဲမှာ အင်ဆူလင် ထုတ်လုပ်မှုကို တိုးစေနိုင်ခြင်း၊ ဗီတာမင်B6နဲ့ သံဓာတ်ကြွယ်ဝပြီး ဟီမိုဂလိုဆင် အရေအတွက်ကို တိုးစေနိုင်ခြင်း၊ ပိုတက်ဆီယမ် ပါဝင်မှုလည်းမြင့်မားပြီး ကိုလက်စထရောကို ချေဖျက်နိုင်စေခြင်း၊ ခန္ဓာကိုယ်အတွင်းက အက်ဆစ်ဓာတ် ထွက်ရှိမှုပမာဏကိုထိန်းပေးပြီး ညီညွတ်မျှတမှုရှိအောင်လုပ် ဆောင်ပေးနိုင်ခြင်း၊အစာအိမ်အချဉ်ပေါက်တာဗိုက်ထဲမှာမအီမသာဖြစ်တာတွေကိုသက်သာစေနိုင်ကြောင်းဆေးပညာစာပေများမှလေ့လာသိရှိရပါသည်။ငှက်ပျောအူဈေးနှုန်းမှာ နိုဝင်ဘာလတတိယပတ်တွင် ငှက်ပျောအူတစ်တုန်းလျှင် (၁၅၀၀-၂၀၀၀-၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရသည်။
DOCA(မန္တလေး)
