
မြင်းခြံမြို့နယ်တွင် ပဲမျိုးစုံ၊ နှမ်း၊ မြေပဲနှင့် ပြောင်းစသည်တို့ စိုက်ပျိုးလျက်ရှိရာ စွန်တာနီ(မိုး)သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း စွန်တာနီမိုးကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်တွင် စွန်တာနီ(မိုး)စိုက်ပျိုးထားရှိမှုမှာ (၃၀၇)ဧက စိုက်ပျိုးထားရှိပြီး၊ လျားထားချက်ထက်(၁၅) ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရသိရှိရသည်။ ယခင်နှစ်အထွက်နှုန်းအနေဖြင့် (၈)တင်းခန့်ထွက်ရှိကြောင်း၊ စွန်တာနီသီးနှံကို မြေနုကျွန်းပေါ်ဒေသဖြစ်သော ဒါးကျွန်းရွာ၊ ဖိုးတုတ်ဖြူရွာ၊ သဲဖြူဝရွာနှင့် ပတ္တာကျေးရွာများတွင်စိုက်ပျိုးထားကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက အထွက်နှုန်းများ ကောင်းနိုင်မည်ဖြစ်ကြောင်း ဓါးကျွန်းကျေးရွာမှ ပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
