
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မြဝတီခရိုင်ဦးစီးမှူးဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၅-၁၁-၂၀၂၅ ရက်၊ တနင်္လာနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သူနာပြုသင်တန်းကျောင်းရှိ ဆရာ၊ဆရာမများ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မြဝတီခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ အွန်လိုင်းကိစ္စနှင့်ပတ်သက်၍ သိကောင်းစရာ များအကြောင်း နှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျ ရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို Power Point ဖြင့် ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၀) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၇၄)ဦး စုစုပေါင်း ဦးရေ(၈၄) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)
