တန်ဆောင်မုန်းလအခါယရှိဂဗ္ဗလာသီးစျေး

Powered by Drupal

              မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ တန်ဆောင်မုန်းလ အခါ သမယတွင် ဂဗ္ဗလာသီးများအရောင်းသွက် လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ် နိုဝင် ဘာလပထမပတ်အတွင်း ဖြစ်ပေါ် သည့်   စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ် နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှု ရှိ ကြောင်းသိရှိရပါသည်။ဂဗ္ဗလာသီးများအားအသီးအတိုင်းစားသုံးခြင်းနှင့်ကျမ္မာရေးဓါတ်စာဖျော်ရည် အဖြစ်စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်းရေနီမြောင်း စျေးရှိ သစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)