ဥတုရာသီကိုပြ ထန်းပင်ပေါက်/ထန်းပင်မြစ်က ဝင်ငွေရ

Powered by Drupal

        ဆောင်းဝင်စပြုသည်နှင့် အမျှထန်းပင်ပေါက်/ ထန်ပင်မြစ်များလည်း ဈေးကွက်မှာစတင်မြင်တွေ့ နေရပြီဖြစ်ပါသည်။ ထန်းပင်ပေါက်/ ထန်းပင်ပေါက်သည် ဆောင်းရာသီနှင့်လိုက်ဖက်ညီသော စားစရာတစ်ခုဆိုလျှင်မှားဖွယ်မရှိပါ။ ဆောင်းရဲ့အအေးဓာတ်ကို မီးအပူနဲ့အနွေးဓာတ်ပေးချိန် ထန်းပင်ပေါက်/ ထန်းပင်မြစ်ကို မီးဖုတ် ဆီ၊ ဆားလေးနဲ့ စားရတဲ့အရသာကိုပြောရရင် သွားရည်ကျဖွယ်တောင်ရှိပေလိမ့်မည်။ ထန်းပင်ပေါက်/ ထန်းပင်မြစ်လှိုင်လှိုင်ပေါချိန်ဆို တောတောင်သူများ ထန်းပင်ပေါက်/ ထန်းပင်မြစ်များကို ဈေးတန်းတွင်ချ၍ရောင်းသူရှိသလို ဆိုင်းတန်းဖြင့်ထမ်း၍ရောင်းချသူများလည်းရှိ တောင်သူများ အပိုဝင်ငွေရကြကြောင်းသိရသည်။ ယခုလည်း မြင်းခြံဈေးကွက်အတွင်းသို့ ထန်းပင်ပေါက်/ ထန်းပင်မြစ်များ တွေ့နေရပေပြီ တောင်သာနယ် ထန်းပင်ကန်၊ လက်ထုပ်၊ မာလာ အစရှိသောနယ်များမှ ထွက်ရှိသော ထန်းပင်ပေါက်/ ထန်းပင်မြစ်များ ဖြစ်သည်လို့သိရပါသည်။ လှိုင်လှိုင်မပေါ်သေးသည့် အတွက် အချောင်း ၂၀ ပါတစ်စီးလျှင် ၁၈၀၀-၂၀၀၀ ကျပ်ဈေးရှိပြီး ဥတုသည်လည်း အအေးဓာတ်နည်း၍ သုံးသူလည်းနည်းသလို ရောင်းသူလည်းမပေါ၍ ဈေးတန်သည့်အတွက် တောင်သူများအတွက်တော့ အပိုဝင်ငွေပင်ရနေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)