
ကျောက်ဆည်ခရိုင်အနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုကိုတစ်နှစ်ပတ်လုံး ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချပေးလျက်ရှိရာ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုမှာလည်း အဓိကနေရာမှပါဝင်လျက်ရှိပြီး စျေးနှုန်းများအနေဖြင့် ခပ်အေးအေးရောင်းဝယ်နေ ပြီး ကြက်သွန်နီ (၁)ပိဿာလျှင် အကြီး(၁၅၀၀-၁၃၀၀)ကျပ်၊အလတ်(၁၀၀၀-၁၁၀၀)ကျပ်၊အသေး (၉၀၀-၈၀၀)ကျပ်ဖြင့် စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိပါသည်။ ယခုအချိန်တွင် မိုးကြက်သွန်များ အနည်းငယ်စတင်ထွက်ရှိနေပြီဖြစ်ကြောင်း ၊ မိုးကြက်သွန်(အသစ်) (၁)ပိဿာလျှင် (၁၅၀၀/-)ကျပ် ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ စျေးနှုန်းများအနေဖြင့် ယခင်နှစ် ထွက်ပေါ် ချိန်ထက်ပင် စျေးနှုန်းများကျဆင်းနေကြောင်းသိရှိရပြီး တောင်သူများအနေဖြင့် ကြက်သွန်နီများ ဖြိုင်ဖြိုင် ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ တက်စျေးမျှော်နေကြကြောင်း၊ တောင်သူများအနေဖြင့် တွက်ခြေ ကိုက်မှုနည်းပါကြောင်း၊ မိုးကြက်သွန်စိုက်ပျိုးသော ကသဲကုန်းကျေးရွာမှ တောင်သူကြီးတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
