“နဂါးမောက်သီးစျေးနှုန်းစျေးကွက်”

Powered by Drupal

   မန္တ‌လေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်သည် စပါး၊ပဲ၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည့်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး လယ်ယာထွက်သီးနှံများအပြင် ဥယျာဉ်ခြံ သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပါသည်။ ဥယျာဉ်ခြံသီးနှံများမှာ သရက်၊မာလကာ၊ သံပုရာနှင့် နဂါးမောက်သီးကို အဓိကထားစိုက်ပျိုးကြပါသည်။ နဂါးမောက်သီးကို တောင်နောက် ကျေးရွာနှင့်သင်တောင်းကျေးရွာများတွင် စိုက်ပျိုးကြပါသည်။နဂါးမောက်သီးကို အဖြူသီးနှင့်အနီသီး  ဟူ၍(၂)မျိုးရှိပြီး အဖြူသီးမှာလူကြိုက်များကြောင်း၊ကျောက်ဆည်နယ်မှထွက်သော နဂါးမောက်သီး ကိုကျောက်ဆည်မြို့ရှိ မြို့မစျေး၊အေးမြကြည်လင်စျေးနှင့်သစ်သီးဆိုင်များသို့တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊အောက်တိုဘာလအတွင်း သစ်သီးစျေးကွက်တွင် နဂါးမောက်သီးစျေးနှုန်းမှာ တစ်လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်ဟူ၍ အလုံးအကြီး၊အသေးပေါ်မူတည်ပြီးစျေးနှုန်းကွာခြားကြောင်း၊ စျေးကွက် အတွင်း နဂါးမောက်သီးအဝင်နည်းလာသည့်အတွက် စျေးကောင်းရရှိလျက်ရှိကြောင်း ကျောက်ဆည် မြို့ရှိသစ်သီးရောင်းချသည့်ဆိုင်များမှသိရှိရပါသည်။

DOCA(မန္တလေး)