“ကန်စွန်းဥဈေးနှုန်းဈေးကွက်”

Powered by Drupal

  လူတို့သည်ကျန်းမာရေးနှင့်ညီညွတ်မျှတသော သီးနှံများကိုစားသုံးကြကြောင်း ၊ အဟာရ ဓာတ်များပါဝင်သော သီးနှံများကိုလည်း ရွေးချယ်စားသုံးသင့်ကြကြောင်း ၊ ကျန်းမာရေးနှင့်ညီမျှပြီး အဟာရလည်းဖြစ်သော ကန်စွန်းဥများကို လူများကြိုက်နှစ်သက်စွာ စားသုံးကြကြောင်း ၊ ဈေးကွက်အတွင်းသို့ ကန်စွန်းဥများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဝင်ရောက်သော ကန်စွန်းဥမျိုး များမှာ ရွှေဝါ နှင့် ငချိပ်မျိုးများကို အများဆုံးရောင်းချကြောင်း ၊ ကန်စွန်းဥကို ပြုတ်စား၍ သော်လည်းကောင်း၊ မီးဖုတ်စား၍သော်လည်းကောင်း၊ ပေါင်းစား၍သော်လည်းကောင်း၊ ယိုထိုးစား၍ သော်လည်းကောင်း၊ မုန့်မျိုးစုံ ပြုလုပ်ရာမှာလည်း ပါဝင်ပစ္စည်းအဖြစ်လည်း အသုံးပြုကြကြောင်း ၊ ကန်စွန်းဥသည် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော အဆာပြေအစားအစာတစ်ခုဖြစ်ကြောင်း၊ ကန်စွန်းဥဈေးနှုန်းအနေဖြင့် ကန်စွန်းဥရွှေဝါ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကန်စွန်းဥ ငချိပ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)