မြင်းခြံမြို့၏ပဲနီပြားပင်ပေါက်ဈေးနှုန်း

Powered by Drupal

            မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ပဲနီပြားပင်ပေါက်လုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲများကို တစ်ညရေစိမ်ရကြောင်း၊ ထို့နောက်ပဲခင်းကို အလျား ၅ ပေအရှည်၊ အနံ ၂ ပေခန့်၊ အနက် ၇ လက်မခန့်တူးထားသော ကျင်းထဲသို့ သဲများထည့်ရကြောင်း၊ အဆိုပါကျင်းထဲသို့ ပဲစေ့များထည့်ပြီး သဲများဖြင့်ဖုံးအုပ်၍ ပဲစေ့ကိုအညှောင့်ဖောက်ရကြောင်း၊ ပဲခင်းကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပေးရကြောင်း၊ (၄-၅) ရက်ခန့်ကြာသော် ပဲစေ့များအညှောင့်ထွက်လာကြောင်း၊ သဲခင်းထဲတွင် ပျိုးထားသော ပဲပင်ဖောက်များကို တူးဖော်ကာ ပဲပင်ဖောက်များရရှိကြောင်း၊ ပဲခင်းများမှထွက်ရှိသော ပဲပင်ပေါက်များကို ဈေးကွက်သို့ လက်လီ၊ လက်ကားရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပဲပင်ဖောက် လက်လီဈေးနို့ဆီ တစ်ဗူး လျှင်(၈၀၀) ကျပ်၊ လက်ကားဈေး နို့ဆီတစ်ဗူးလျှင် (၇၅၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ရောင်းချမှုအနေဖြင့် နေ့စဉ်  (၁၅-၂၀) ပြည်ခန့်ရောင်းချရကြောင်း၊ ဒေသတွင်းစားသုံးမှုများ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲပင်ဖောက်ရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)