နိုဝင်ဘာလဒုတိယပတ်မြေထောက်ပဲစျေးအနည်းငယ်ကျဆင်း

Powered by Drupal

               မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံ အပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ် လျက် ရှိသော ၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ ၂၄၀၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၄၄၄ကျပ်နှင့် ၅၂၈၇ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် နှစ် ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်နှင့် ၃၃၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၁၁၁ ကျပ်ဖြစ်ပြီးယခုနှစ်နှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။

 DOCA(မန္တလေး)