“အုန်းသီးငှက်ပျောသီးဈေးနှုန်းဈေးကွက်”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ မြို့မဈေးနှင့် အေးမြကြည်လင်ဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများ၊ အထည်များရောင်းချသည့်အပြင် ရာသီမရွေးရရှိသည့် အုန်းသီး၊ ငှက်ပျောသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ အုန်းသီးကို ဒေသမှ ထွက်ရှိသည့် အုန်းသီး များအပြင် အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ငှက်ပျော သီးကို ကျောက်ဆည်ဒေသမှ အဓိကထွက်ရှိသည့်အတွက် ဒေသထွက် ငှက်ပျောသီးများ ကိုလည်း အဓိကထားရောင်းချလျက်ရှိပါသည်။ အုန်းသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင်(၄၀၀၀-၅၀၀၀/-) ကျပ်ခန့်ရှိကြောင်း၊ ငှက်ပျောသီးဈေးနှုန်းအနေဖြင့် ဖီးကြမ်းငှက်ပျောသီး တစ်ဖီးလျှင် (၃၀၀၀-၃၅၀၀/-)ကျပ်ခန့်ရှိကြောင်း၊ ပြေသီးငှက်ပျော(ရခိုင်ငှက်ပျော)တစ်ဖီးလျှင်(၁၀၀၀-၁၅၀၀/-) ကျပ် ခန့်ရှိကြောင်း၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးရှိ အုန်း၊ ငှက်ပျော ရောင်းချ သော ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)