
၁၄.၁၁.၂၀၂၅ ရက် စနေနေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ် ဦးမျိုးလှိုင်မှ စားသုံးးဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းရောင်းချခြင်း၊ သတ်မှတ်ပိဿာ အတိုင်းရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
