လားရှိုးမြို့ရှိဈေးများတွင် ဂျူးဖူးများ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးနှင့် ရပ်ကွက်တွင်းဈေးများတွင် အနီးနား ပတ်ဝန်းကျင်ကျေးရွာရှိ ရေခြံစိုက်ခင်းများမှထွက်ရှိသော ဂျူးဖူးများကို ယခုလ နိုဝင်ဘာလ (ပထမပတ်) မှ စတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

         ဂျူးဖူးတွင် ဗီတာမင် နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေခြင်းကြောင့် အရိုးတွေကို သိပ်သည်း သန်မာစေပါပြီး ဗီတာမင် K ပါဝင်နေခြင်းကြောင့် အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရိုးပါးခြင်း၊ အရိုး ပွခြင်းမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါသည်။ ဂျူးဖူးသည် ကြက်သွန် မျိုးရင်း တစ်မျိုးဖြစ်ပြီး ထိပ်ဖျားတွင် အဖူးလေးတွေ၊ အပွင့်လေးတွေ ပါဝင်နေပြီး အရိုးတံ စိမ်းစိမ်းရှည်ရှည်လေး ရှိကြောင်း သိရသည်။ အရင်းနားလေးတွင် ဖြူပြီး လှီးဖြတ်တဲ့အခါ မွှန်တယ်လို့ ခံစားရနိုင်ပါသည်။ အရသာမှာ အတော်လေး ချိုပြီး ကြော်စားလို့ရသလို ချဉ်ရည် ချက်စားလို့လည်းရပြီး စွပ်ပြုတ်နှင့် ဖက်ထုပ်တွေ ထဲမှာလည်း ထည့်စားကြလေ့ရှိပါသည်။ တရုတ်ရိုးရာ ဟင်းတွေမှာ အများအပြားအသုံးပြုကြောင်း လည်း သိရှိရပါသည်။

            ဂျူးဖူးဈေးနှုန်းမှာ တစ်စည်းလျှင် အစည်းအကြီးအသေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ (၁၅၀၀ - ၂၀၀၀ - ၃၀၀၀) ကျပ်အထိရှိကြောင်းသိရှိရသည်။ ဂျူးဖူးကို မန္တလေး၊ တောင်ကြီး မှ မှာယူ၍ ရောင်းချကြသလို၊ လားရှိုးမြို့အနီးတဝိုက်ရှိ ရွာများနှင့် ရေခြံစိုက်ပျိုးရေးလုပ်ကိုင်သူများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး လာရောက် ရောင်းချကြကြောင်းလည်း သိရှိရပါသည်။

DOCA(ရှမ်း)