
ယာကွန်ပင်သည်နှစ်ရှည်ပင်ဖြစ်ပြီး ရှမ်းပြည်နယ်ရှိ ဒေသအများစုတွင် အများအပြား ပေါက်ရောက်သည်။ မူလစိုက်ပျိုးရာဒေသမှာ တောင်အမေရိကတိုက်ဖြစ်ပြီး ကိုလံဘီယာနှင့် အာဂျင်တီးနားတွင်လည်းစိုက်ပျိုးကြသည်။ ယာကွန်ပင်သည် အပေါ်ပိုင်းအပင်ခြောက်၍ အရွက် ကြွေကျချိန်တွင် မြေအောက်ရှိပင်စည်ဥကို တူးဖော်စားသုံးနိုင်သည်။ ယာကွန်ဥ သည် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်ဈေးကွက်အတွင်းသို့စတင်ဝင်ရောက်လာပြီး တပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းအားကောင်း၍ လူကြိုက်များသော သီးနှံတစ်မျိုးလည်း ဖြစ်ပေသည်။
ယာကွန်ဥတွင် အဆီအနည်းငယ်နှင့်ရေဓာတ်အများအပြားပါဝင်မှုကြောင့် ဝသောသူများ နှင့် အထူးသင့်လျော်ပေသည်။ လူအများတို့၏အစာအာဟာရတွင် ယာကွန်ဥပါဝင်လာစေခြင်းဖြင့် ဆီးချိုသွေးချိုဝေဒနာအတွက်သော်လည်းကောင်း၊ ကိုယ်အလေးချိန်လျော့ကျလိုသူတို့အတွက် သော်လည်းကောင်း၊ မကောင်းသောအဆီနှင့် ကိုလက်ထရောတို့ကို လျော့ကျခြင်းတို့အတွက် လည်းကောင်း၊ အရိုးအဆစ်များသန်မာစေခြင်းအတွက်လည်းကောင်း၊ ကင်ဆာကဲ့သို့နာတာရှည် ရောဂါများအတွက် သော်လည်းကောင်း လွန်စွာအထောက်အကူပြုစေကြောင်း သုတေသနတွေ့ ရှိချက်များမှဖော်ပြထားသည်ကိုလေ့လာတွေ့ရှိရပါသည်။
ထို့ကြောင့် ယာကွန်ဥသည်ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး ဈေးနှုန်းမှာလည်း ချိုသာသောကြောင့်ဝယ်ယူစားသုံးသင့်သောအသီးတမျိုးပင်ဖြစ်ပေသည်။
DOCA (ရှမ်း)
