
ရေကြည်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၁၁.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ရေကြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား မြို့နယ်စည်ပင်သာယာအဖွဲ့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။
ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အင်ဒိုနီးရှားနိုင်ငံထုတ် SHERBY’s အလှကုန် ပစ္စည်းများဖြစ်သော Make-up, Colour Eyeshadow and Blush, 2 Side Colour Brush အလှကုန် ပစ္စည်းများတွင် ဓါတုပစ္စည်းများ ပါဝင်၍ အများပြည်သူများ သုံးစွဲရန်မသင့်သောကြောင့် FDA မှ တားမြစ်ပိတ်ပင်ထားခြင်းအား ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။
( Doca ဧရာဝတီ )
