
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး ၃ ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသ ကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးမှ အမှာ စကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာကြသူများမှ ဆွေးနွေး တင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြား ခြင်းများဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအားပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
