ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

    ၁၁.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ မိတ်ဖက်ဌာနဆိုင်ရာတို့နှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ PT- power၊ DENKO၊ PUMA-စက်သုံးဆီအရောင်းဆိုင်များသို့  ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ ဆီအရည်အသွေး ပြည့်ဝမှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် လီတာ ပြည့်ဝမှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ခွဲတမ်းအပေါ် အပြည့်ဝရောင်းချပေးမှု ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။

    မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဆီ ပြတ်လပ်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးအခြင်အတွယ်ပြည့်မှီ မှန်ကန်မှုရှိစေရေးဆောင်ရွက်ရန် မီးဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် မကျယ်တစ်ဝင့် ဆွေးနွေးခဲ့ကြ ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (မွန်)