မင်းဘူးမြို့ပေါ်ရှိ "ဖြိုး" ကလေးအသုံးအဆောင်ကုန်စုံဆိုင်၌ ကလေးတစ်ကိုယ်ရည် သုံးပစ္စည်း KODOMOအမှတ်တံဆိပ်အား ကုန်ညွှန်းအမှတ်အသားများစစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် တာဝန်ခံ သည် (၁၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း၍ မင်းဘူးမြို့ပေါ်ရှိ "ဖြိုး" ကလေးအသုံးအဆောင်ဆိုင်အားသွားရောက်၍ ကလေး တစ်ကိုယ်ရည်သုံး ပစ္စည်း အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

            ထိုသို့စစ်ဆေးရာတွင် ကလေးငယ်များဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက် အတွင်းရောင်းချသော ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် KODOMO(baby cream) KODOMO(baby powder) အစရှိသည့် ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းအမျိုးမျိုး တို့တွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)