
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန် မှုဖြင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဠာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟု တားမြစ်ထားသော ကုန်စည်များရောင်းချမှု ရှိ/ မရှိတို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ စည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေ သော အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/မရှိ တို့အားစစ်ဆေးခဲ့ရာ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များ အားသက်တမ်းလွန်နေသော စားသောက်ကုန်များ၊ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော စား သောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုမရှိသော ကုန်စည်များ အား ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
