ဂန္ဓာမာပန်း ဈေးကွက်

Powered by Drupal

            ဂန္ဓာမာပန်းသည် တစ်နှစ်ပတ်လုံး ထွက်ပေါ်သည့်ပန်းပျိုးဖြစ်သည်။ ပန်းအများဆုံး ထွက်ပေါ်ချိန် တွင် ဈေးကျတတ်ပြီး အခြားသော သစ္စာပန်း ၊ပန်းတိမ်ငိုပန်းများ ထွက်ပေါ်ချိန်ဖြစ်၍ ဂန္ဓာမာပန်း ဈေးကွက် အေးနေကြောင်း သိရှိရသည်။ ဂန္ဓာမာပန်းပွင့်ကြီးမျိုး၊ ပွင့်သေးမျိုး၊ အဝါရောင်၊ ခရမ်းရောင်၊ နီညိုရောင် စသည်ဖြင့် အရောင်မျိုးစုံရှိသည်။ ဂန္ဓာမာပန်းအဖြူရောင်၏ အဓိပ္ပာယ်သည် “ငြိမ်းချမ်းပါစေ” ဟူ၍ ဖြစ်သည်။ ဂန္ဓာမာပန်း အဝါရောင်သည် “သတိရနေမယ်” ဟု သင်္ကေတ အမှတ်အသားဖြစ်သည်။ ဂန္ဓာမာပန်း အဖြူရောင်နှင့် အဝါရောင် ကို လူကြိုက်များပြီး ရောင်းအားကောင်းကြောင်း သိရှိရသည်။ ဂျပန်တွင် ကျင်းပသော ဂန္ဓာမာပန်းပွဲတော်သည် ပျော်ရွှင်ခြင်းတို့၏ ပွဲတော် “Festival of Happines” ဟု အမည်တွင်ပါသည်။ ဂန္ဓာမာပန်း ရနံ့မကြွယ်သော အလှပန်းဖြစ်သည်။ ဂန္ဓာမာပန်းတွင် ပါဝင်သော “Pyrethum” ဆိုသည် ပိုးသတ်ဆေး ဒြပ်ပေါင်းသည်ခြင်းမတွေ၏ အာရုံကြောကို အကျိုးသက်ပြီး ခြင်ကိုက်ခြင်းကို တားဆီးပေးနိုင်ပါသည်။ခြင်မတွေ့ကသာ လူ့သွေးကို စုတ်ယူကြသည့် အတွက်ကြောင့် ဂန္ဓာမာ ခြင်နိုင်ဆေးအဖြစ် ထုတ်လုပ်ရောင်းချကြောင်း လေ့လာသိရှိရသည်။ပန်းတို့၏ အဓိပ္ပာယ်ပန်းတို့၏ သဘာဝအလှပေါ်မူတည်၍ ဝယ်ယူမှုရှိကြောင်း သိရှိရသည်။မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသထွက် ဂန္ဓာမာပန်းများ ဝင်ရောက်လျှက်ရှိပြီး ဂန္ဓာမာပန်းပွင့်သေးမျိုး လက်ဆုပ် တစ်ဆုပ် တစ်စည်း လျှင် (၁၅၀၀/၂၀၀၀)ကျပ် ဂန္ဓာမာပန်း ပွင့်ကြီး မျိုး(၁၀)ခိုင်ပါ တစ်စည်းလျှင် (၂၀၀၀/၃၀၀၀) ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်း ပန်းမျိုးစုံ အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)