ရေနံချောင်းမြို့၌ စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ သည် စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါဝင်စေရေးအတွက် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ရေခဲစက်ရပ်ရှိ “ထွန်းအောင်လှိုင်” ပဲကြော်နှင့် ရွာသစ်ရပ်ကွက်ရှိ “မသက်သက်နှင့်ညီမများ” ပဲကြော် လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ပုဒ်မ (၄၁) ကုန်အညွှန်းအမှတ်အသား ဖောပြခြင်းနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေ‌ရေးနှင့် လုပ်ငန်းရှင်၏အခက်အခဲများအားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)