
ကွမ်းသည် ကပ်ပါးနွယ်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံအပြားပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး “မြန်မာအစတကောင်းက”ဟု ဆိုရိုးစကားရှိသကဲ့သို့ ကွမ်းကိုတကောင်းခေတ် ကတည်းကစားသုံးခဲ့ကြပါသည်။ ကွမ်းရွက်ကိုညှစ်၍ရသောအရည်နှင့် ဂျင်းပြုတ်ရည်၊ ဆား အနည်းငယ်နှင့် တိုက်ကျွေးပါက ပန်းနာရင်ကျပ်၊ ရင်ပြည့်ရင်ကယ်၊ ကြက်ညှာချောင်းဆိုးရောဂါများ ပျောက်ကင်းစေနိုင်ပြီး ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်း များအတွက် ကွမ်းရွက်အရည်နှင့်ပျားရည် ရော၍တိုက်ကျွေးလျှင် ပျောက်ကင်းနိုင်သဖြင့် အလွန်အသုံးဝင်ပါသည်။
တောင်ငူမြို့နယ်ရှိ ကေတုမတီမြို့မဈေးတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှ ထွက်ရှိသော ကွမ်းကြမ်းတစ်ထုပ်လျှင် ၂၀၀၀ ကျပ်၊ ဘောဂလိဒေသမှထွက်သော ကွမ်းသီး(ပြောင်) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ကွမ်းသီး(ရွေး)တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်၊ ကွမ်းသီး(ကြက်ချေး) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်တို့ဖြင့် ဈေးနှုန်းဖြစ်ပေါ်နေပြီး အရောင်းသွက် နေကြောင်း တောင်ငူမြို့နယ်၊ ကေတုမတီမြို့မ ဈေးရှိ ကွမ်းနှင့်ကွမ်းသီးရောင်းချသူ ဒေါ်မြအေး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)
