ပဲတီစိမ်းစျေးပိုမိုရရှိ 

Powered by Drupal

          ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့ တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ် သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရှိရပါ သည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၂၄၅၀၀၀ ကျပ်နှင့် ၃၃၅၀၀၀ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၈၀၀၀၀ကျပ်နှင့် ၃၀၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ)၄၃၅၆ကျပ်နှင့်၅၉၅၆ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၄၉၇၈ကျပ်နှင့်၅၄၂၂ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၅၅၆ ကျပ်နှင့် ၄၃၂၀ ကျပ်၊ ပဲတီစိမ်း(ပဲခွဲ) ၂၈၄၄ ကျပ်နှင့် ၃၂၀၀ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း (ညာ) မှာတစ်ပိဿာလျှင် ၁၆၃၆ ကျပ်စျေးပိုမိုရရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)