စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ဟင်္သာတခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊အသင်းအဖွဲ့များ၊ စီးပွားရေးလုပ် ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အဓိကလယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းနှင့် ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့၍ နိုင်ငံ့ဝင်ငွေရရှိအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများကို ဒေသတွင်းမှာ တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် မြန်မာ့ပေါ်ဆန်းကို ကမ္ဘာ့ဈေး ကွက်သို့အဆင့်မှီတင်ပို့နိုင်ရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အဆင့်အတန်းမှီ ဈေးကွက် ဝင် ပို့ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေးတို့အတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားပါသည်။

          ထို့အပြင်ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် သွင်းအား စု၊ စက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်း၊ အခြေခံစားကုန်များ ဈေးနှုန်းတည် ငြိမ်ပြီး ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့်ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ပြည်ပမှ တင်သွင်းလာ သည့်  စားအုန်းဆီများကို တင်သွင်း သိုလှောင်ဖြန့်ဖြူး‌ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူ လက်ဝယ်အရောက် စနစ်တကျဖြန့်ဖြူးနိုင်ရေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်အနေဖြင့် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း အမှာစကား ပြောကြားခဲ့ပြီး၊ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပဲနှမ်းအသင်း ဥက္ကဌ၊ ဟင်္သာတခရိုင် ဆန်စက်ပိုင်ရှင်များအသင်းနှင့် ဆီစက် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက တင်ပြချက်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ (၁၅၀)ဦး တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲ အခမ်း အနားကို နံနက်(၁၁:၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)