မဲဇလီကုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဆီထုတ် ကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူး ရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊သတ်မှတ် ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ပြည်သူ များသို့ဖြန့်ဖြူးရောင်းချစေရေး၊လစဉ်ဆီရောင်းချမှအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့်စားအုန်းဆီ ဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)