
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ကမ်းနားလမ်း၊ မင်းလမ်းပေါ်ရှိ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ကို ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်း၍ ၁၀-၁၁-၂၀၂၅ရက်နေ့ မွန်းလွဲ (၂) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ၌ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိနှင့် အလှကုန်ဆိုင်များတွင် သက်တမ်းလွန်အလှကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော အလှကုန်များ ရှိ၊ မရှိ၊ စားသုံးသူရေးရာဦးစီးဌာန၏ အမိန်ညွှန်ကြားချက်များနှင့် ဈေးကွက်အတွင်းရောက်ရှိသော ဆေးဝါးနှင့် အလှကုန်များ ကိုက်ညီးမှုရှိမရှိ၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း ကိုက်ညီမှု ရှိမရှိတို့ကို ဈေးကွက်စောင့်ကြည့်ခြင်း၊ အသိပညာပေးခြင်းများနှင့် ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များ ဈေးကွက်နမူနာ (PMS) ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
