
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရန် မြို့ နယ်စားသုံးသူရေးရာဦးစီးဌာန ၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ ၁၁-၁၁-၂၀၂၅ နံနက် (၈) နာရီအချိန်က မြို့နယ်အတွင်း အိမ်ဆိုင်များ၊ စတိုးဆိုင်များနှင့် စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးအသိပညာပေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်သည် ဈေးဆိုင်ပိုင်ရှင်များအား ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် အစားအသောက်လုံခြုံရေးအတွက် ဓာတုဆိုးဆေးများပါဝင်သော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်နေသော အစား အသောက်နှင့် ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ဆေးဝါးများ တရားဝင်မှတ်ပုံတင်ထားသော ကုန်စည်များ မှန်ကန်မှု ရှိမရှိကိုစစ်ဆေူခြင်း၊ ဆေးဝါးမှာယူရရှိမှု အခြေအနေများ၊ ဈေးနှုန်းအခြေအနေများ မေးမြန်းဆောင်ရွက်ခြင်းနှင့် ကုန်စည်များတွင် ကုန်အညွှန်းအ၎ှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချသောဈေးဆိုင်များတွင် ပြည်သူများ အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ရောင်းချခြင်းမပြုရန်တားမြစ်ထားသော ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
