
၁၂.၁၁.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ကြမ်း) သစ် အနိမ့်ဆုံးဈေး ကျပ် ၆၁၀၀ မှ အများဆုံး ကျပ် ၆၅၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော) ကျပ် ၄၂၀၀၊ ပခုက္ကူကြမ်း ကျပ် ၆၄၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ အများဆုံး ကျပ် ၇၅၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၀၀၀၊ ကြံသကာ (သကြားရော) ကျပ် ၄၈၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၄၅၀၀ မှ ကျပ် ၅၅၀၀၊ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၅၀၀ ၊ ပြည်တွင်းသကြား အနိမ့်ဆုံးဈေး ကျပ် ၃၇၀၀ မှ ကျပ် ၄၁၀၀ တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။
DOCA(ရန်ကုန်)
