သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

Powered by Drupal

  ၁၁.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစား ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

   ဦးစွာ တေးသံရှင် ဆူဇီ၊ တေးသံရှင် ဆိုတေး၊ ‌သရုပ်ဆောင် မိုးယံဇွန်နှင့် သရုပ်ဆောင် ပွင့်နဒီမောင်တို့က တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ALL STAR(ပေါ်တော်မူ) ဘောလုံးအသင်းနှင့် စောကရင်(ဈေးမသွယ်) ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ‌ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများက ကြည့်ရှု အားပေးခဲ့ကြသည်။

   ယင်းနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ‌ဦးစိုးအောင်က ပထမဆုရရှိခဲ့သည့် စောကရင်(ဈေးမသွယ်) ဘောလုံး အသင်းအား ဂုဏ်ပြုဆုဖလားနှင့် ဆုတံဆိပ်တို့ကို ချီးမြှင့်ပေးခဲပြီး ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ဒုတိယဆု၊ ပူးတွဲ တတိယဆုနှင့် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများကို အသီးသီး ချီးမြှင့် ပေးခဲ့ကြသည်။သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ ဘောလုံးအားကစားအသင်းစုစုပေါင်း (၁၄)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)